ကော့သောင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ဆက်လက်ဖြေဆို

ကော့သောင်း  ဧပြီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကြီးကို ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ဧပြီလ(၃)ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့တွင်  တတိယနေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါအစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌဆရာတော်နှင့် နာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေးဆရာတော်ကြီးများ၊ ပုစ္ဆက၊ ဝိသဇ္ဇနဆရာတော်ကြီးများ၊ စာထောက် စာမဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့ တတိယနေ့တွင် အဘိဓမ္မတ္တသင်္ဂဟဘာသာကို မွန်းတည့်(၁၂)မှ နေ့လည်(၃)နာရီထိ ဖြေဆိုလျက်ရှိပြီး ကော့သောင်းမြို့နယ် စာသင်တိုက်အသီးသီး မှ စာဖြေသံဃာများဖြစ်ကြသည့် အခြေပြု မူလတန်း (၃၀ )ပါး၊ ပထမငယ်တန်း (၂၆)ပါး၊ ပထမလတ်တန်း (၂၂) ပါး၊ ပထမကြီးတန်း(၈)ပါး၊စုစုပေါင်း (၈၆)ပါး အသီးသီးဖြေဆိုလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)