ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမှတ် (၃) ရပ်ကွက်သို့ သွားရောက်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေး

သာပေါင်း ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။

ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရပ်ကွက်၊ ကျေးရွာများအရောက် ညှိ့နှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြရာတွင် ဧပြီလ ၆ ရက်၊ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ဝိသုဒ္ဓါရာမမြို့မမင်းကျောင်းတွင် ရပ်ကွက်နေ ပြည်သူ(၈၁)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်းနှင့်ဌာနဆိုင်ရာများကတွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ စာသင်ကျောင်းများလုံခြုံရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာများ၊ စစ်မှုထမ်းဆောင်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး၊ ထော်လာဂျီနှင့်လယ်ယာသုံးယာဥ်များ ယာဥ်မှတ်ပုံတင်ပြုလုပ်ရေး၊ စနေနေ့တိုင်း နေအိမ်အလိုက် သန့်ရှင်းရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ နွေစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)အား၂၀၂၄ ခုနှစ်တွင် ဧကပြည့်စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန်ဧကများမရှိရေးသီးထပ်စိုက်ပျိုးရန်၊ ဆောင်းနေကြာလျာထား ဧကပြည့်မီစွာစိုက်ပျိုးရေးဆောင်ရွက်ရန်၊ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေပြတ်လပ်မှုရှိနိုင်သဖြင့် သောက်သုံးရေစုဆောင်းရန်၊ ရေလှောင်ကန်များပြုပြင်ရေသိုလှောင်ရန်၊ စိုက်ပျိုးရေအတွက် ချောင်း၊ မြောင်း၊ ရေကန်၊ ချောင်းပိတ်၊ မြောင်းပိတ်ဆောင်ရွက်ရန်၊ ငါးသယံဇာတထိန်းသိမ်းရေး၊ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးဆောင်ရွက်ရန်၊ တစ်နိုင်တစ်ပိုင်ကြက်/ဘဲ/ဝက်မွေးမြူရေး၊ ဗေဒါများအမှိုက်မြေဆွေးပြုလုပ်ပြီး လယ်၊စားပင်သီးပင်များစိုက်ပျိုးရာတွင်အသုံးပြုရန်၊ ၂၀၂၅ခုနှစ် ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများစိုက်ပျိုးရေး၊ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရန်၊ ကြဲခင်းအစား စိုက်ခင်းစနစ်ပြောင်းလဲစိုက်ပျိုးရေး၊ အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးစေ့ချကိရိယာ (Seeder) ဝယ်ယူအသုံးပြုရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေးရှင်းလင်း‌ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)