ကြံခင်းမြို့တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကြံခင်း ဧပြီ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နေပြည်သူများ  အပူဒဏ်အန္တရာယ်ကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်နှင့်  မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ထုတ်ဝေသော အပူဒဏ်အန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ဖြန့်ဝေကြကြောင်း သိရသည်။

အဆိုပါ အပူဒဏ်အန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီး  ကြံခင်းမြို့  ဗိုလ်ချုပ်လမ်းတစ်လျှောက်၊ မြို့မဈေးနှင့် လမ်းမတော်လမ်း၊ မက်သနောလမ်းဆုံတို့တွင် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်၊ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဥ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်အန္တရာယ်ကျရောက်ပါက အရေးပေါ်ရှေးဦးပြုစုခြင်း  အသိပညာပေးနှိုးဆော်ချက်များ ဖော်ပြပါရှိကြောင်း သိရသည်။

အလားတူ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင်လည်း  ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦးဆောင်ပြီး ဘက်ရဲတိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ဘက်ရဲမြို့မဈေးရှေ့ လူစည်ကားရာနေရာတွင် ပြည်သူများလက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)