ရွှေသောင်ယံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်‌သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့်ဒေသခံပြည်သူလူထုတို့ တွေ့ဆုံပွဲပြုလုပ်

ရွှေသောင်ယံ ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အသောကာရာမ(မန်ကျည်း)ကျောင်းတိုက် ဓမ္မာရုံတွင် ယနေ့နံနက်(၁၀) နာရီအချိန်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူလူထုတို့ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

အခမ်းအနားကို လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်အဆင့်၊ မြို့အဆင့်ပါဝင်သော ဌာနဆိုင်ရာများမှ ပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်ခြင်းဖြစ်သည့်အတွက် ဒေသလိုအပ်ချက်များကို တင်ပြဆွေးနွေးရန် တာဝန်ရှိသူများမှ ပြောကြားရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။

အဆိုပါ ပြည်သူများမှ တင်ပြလာသည်များကို ဗိုလ်မှူးမင်းသန့်နိုင်နှင့် ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများမှ ပြန်လည်ပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ ဗိုလ်မှူးမင်းသန့်နိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)