ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆန္ဒမဲလက်မှတ်များနှင့် ကျန်ရှိ‌သော မဲရုံသုံး ပစ္စည်း များထုတ်ပေး

ချောက် နို၀င်ဘာ ၆

        ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ လက်မှတ်များကို မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ယမန်နေ့နံနက်(၉) နာရီ က ဆန္ဒမဲလက်မှတ်များနှင့် ကျန်ရှိသောမဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ချောက်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု(၇၁)အုပ်စုရှိရာ မဲရုံပေါင်း (၂၅၈) ရုံတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ (၁၆၄၁၄၅)ဦး၊ ချင်းတိုင်းရင်းသား(၃၈)ဦးအတွက် ဆန္ဒမဲလက်မှတ်များနှင့် ပေးရန်ကျန် ရှိသော မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိသည်။ အဆိုပါဆန္ဒမဲလက်မှတ် များထုတ်ပေး ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်‌မောင်နုမှ ကြီးကြပ်၍ အတွင်းရေးမှူး ဒေါ်ချောစုရည်နှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များသို့  ဆန္ဒမဲလက်မှတ်စာအုပ်များ၊ မှင်အိုးများ၊ မဲရုံအလိုက် အသုံးပြုဆောင်ရွက် ရမည့်နည်း ဥပဒေပါသတ်မှတ်ပုံစံစာရွက်များကို မဲဆန္ဒနယ်မြေရှိ မဲရုံအလိုက်ထုတ်ပေးလျက်ရှိဖြစ်ကြောင်း သိရသည်။

မချို (ပြန်/ဆက်)