တနင်္သာရီ ဧပြီ ၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ဧပြီလ ၄ ရက်နေ့၊ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမပြုလုပ်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်မိသားစုဝင်များ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တနင်္သာရီမြို့မရဲစခန်းမှူး ရဲမှူးမြင့်အောင်က အင်တာနက်ကို အသုံးပြုပြီး သတင်းတု/သတင်းမှား/မဖွယ်မရာ သတင်းများတင်ခဲ့လျှင် ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)အရလည်းကောင်း၊ ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပါက အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ-၃၃(က)အရလည်းကောင်း၊ နိုင်ငံရေး အကြောင်းအရာများဖြစ်ခဲ့လျှင်-၅၀၅(က) အရလည်းကောင်း အပြစ်ပေးအရေးယူနိုင်ကြောင်း ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဟောပြောပေးကြောင်း မြို့မရဲစခန်းမှ သိရှိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)