စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းဥ‌ပဒေ ထပ်ဆင့်ရှင်းလင်းပွဲများ ဆောင်ရွက်

မုံရွာ ဧပြီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(မုံရွာ)နှင့် ကွပ်ကဲမှုအောက်ရှိ ရုံးများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးစိုးဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးစိုးဦးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ခင်မင်ရင်းနှီးသည့် ပြည်သူများ တက်ရောက်ခဲ့သည်။

အလားတူ ပြည်သူ့စစ်မှုထမ်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲများကို ဧပြီလ၄ရက်နေ့က နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လဟယ်) နှင့် ခန္တီးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်သိန်းစိုး (ပြန်/ဆက်)