ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဧပြီ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ဧပြီလ()ရက်နေ့၊ နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ မှတ်() အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတို့၌ (၂၀၂၄) ခုနှစ်၊ အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အခြေခံစာတတ်မြောက်ရေးတွင် စိတ်ပါဝင်စားစွာ လာရောက်လေ့လာသင်ယူနေသည့် အသက်(၉၅)နှစ်ကျော် အဘိုး၊ အဘွားတို့အား ထောက်ပံ့ငွေများ ဂုဏ်ပြုပေးအပ်ခဲ့သည်။

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဧပြီလ()ရက်နေ့မှ စတင်ပြီး အခြေခံစာတတ်မြောက်ရေး တက်ရောက်သင်ကြားမည့်သူ (၉၅၆၃)ဦးအား စာသင်ဝိုင်း(၆၉၆)ဝိုင်း၊ နည်းပြဆရာ(၇၁၁)ဦးနှင့် ကြီးကြပ် ဆရာ(၇၄)တို့ဖြင့် ခေါင်းစဉ်(၁၃)မျိုး ပူးတွဲသင်ကြားလျက်ရှိပြီး အခြေခံစာတတ်မြောက်ရေးအပြင် နိုင်ငံ့သားကောင်းဖြစ်ရေး ဦးတည် သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးစွမ်းအား တိုးတက်စေရေးတို့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၂၉၄.၄၂)သန်းဖြင့် မြေဧရိယာ(၁၀၄)ဧကအား ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးထားမှုနှင့် နွေစပါးစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေတင်အား ပိုမိုကောင်မွန်စေရေး ဆိုလာပြားများအား နေ့စဉ်သန့်ရှင်းရေးပြုလုပ်သွားရန် လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက်စေရေး ကြိုတင်ပျိုးထောင်သည့်စနစ် အသုံးပြုကာ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးသွားရန်နှင့် မြေလပ်မရှိစေရေးနှင့် စိုက်ပျိုးရေအား အကျိုးရှိရှိအသုံးပြုရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)