ကျိုက်လတ်၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်း ဆက်လက်သင်ကြားပို့ချ

ကျိုက်လတ် ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်သင်ကြား ပို့ချလျက်ရှိ‌ကြောင်း သိရသည်။

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း နည်းပြသင်တန်းကို မြို့နယ်အတွင်းရှိ သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ကြမည့် အခြေခံပညာ ဆရာ၊ ဆရာမ (၃၁)ဦး၊ ကြီးကြပ်(၄)ဦး တက်ရောက်ခဲ့ပြီး ယနေ့တွင် အခြေခံသင်္ချာ၊ မြန်မာစာ၊ Mobile Application တို့ကို သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကို ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)