ကန့်ဘလူ ဧပြီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဧပြီ ၆ ရက်နံနက် ၈ နာရီက ကန့်ဘလူမြို့ပေါ် ရပ်ကွက်( ၅)ခုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကန့်ဘလူမြို့ပေါ်ရပ်ကွက် (၁/၂/၃/၄/၅)တို့တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်း တင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဒုတိယစခန်းမှူး ရဲအုပ်ဇော်ဇော်အောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ခေတ္တဦးစီးမှူး ဦးခင်မောင်သန်းနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ အဖွဲ့များခွဲကာ အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ရာ ကန့်ဘလူခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန်းကျော်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်တို့က အနီးကပ်ကြီးကြပ်ပြီး ဧပြီ ၆ ရက်မှစတင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)