ပုလဲ နိုဝင်ဘာ ၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင် ခရိုင်၊ ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး Positive ၃ ဦးတွေ့ရှိ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးထားကြောင်း မြို့နယ်COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီမှ သိရသည်။
ပုလဲမြို့နယ်COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူးဦးသန်းနိုင်က “ ကျွန်တော်မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာနှင့် ဆက်စပ်ထိ တွေ့သူများ၊ ပုလဲမြို့ ၊မြို့တော်ခန်းမနှင့် ကျေးရွာများရှိ CBFQများမှာ Quarantine ထားရှိတဲ့ နေရပ် ပြန် ပြည်သူများ စုစုပေါင်း၁၀ ဦးတို့အား Quarantine ထားရှိတဲ့နေရာမှ သီးသန့်ခေါ်ဆောင်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ အာခေါင်တို့ဖတ်၊ နှာခေါင်း တို့ဖတ်Swabနမူနာများရယူပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ဓာတ်ခွဲနမူနာ များကို ပို့ဆောင်စစ်ဆေးခဲ့ရာ ၁၀ဦးအနက် ချင်ပြစ်ကျေးရွာQuarantineမှာ ထားရှိတဲ့ အသက် ၁၈နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ရှောက်ရင်းကုန်းကျေးရွာ Quarantineမှာ ထားရှိတဲ့ အသက် ၂၁နှစ် အရွယ် အမျိုးသမီး ၂ဦးစုစုပေါင်း ၃ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးPositiveတွေ့ရှိကြောင်း နိုဝင်ဘာ ၆ ရက်နေ့၊နံနက် ၆နာရီ ၃၀မိနစ်ခန့်မှာ သိရှိရတဲ့အတွက် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာ ၃ဦးကို ကျေးရွာQuarantine ထားရှိတဲ့ နေရာကနေ ခေါ်ဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation Ward ၌ ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်ကုသမှုများကို ဆောင်ရွက်ပေးထားပါတယ်” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသည့် အတည်ပြုလူနာ ၃ ဦးနှင့် ဆက်စပ်ထိ တွေ့သူများ အားCommunity Based Facility Quarantine ( CBFQ ) ထားရှိကာ Swab နမူနာများ ရယူ၍ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ် COVID–19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှသတင်းရရှိသည်။ မြင့်သိန်းစိုး(ပြန်/ဆက်)