တောင်တွင်းကြီး ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပေပင်ယားအုပ်စု၊ ပေပင်ယားကျေးရွာတွင် ယမန်နေ့နံနက် ၁ နာရီအချိန်ခန့်က ထမင်းပေါင်းအိုးတည်ထားရာမှ အပူချိန်လွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ တောင်တွင်းကြီးမြို့နယ်၊ ပေပင်ယားအုပ်စု၊ ပေပင်ယားကျေးရွာနေ ဦးမျိုးနိုင်(သ)၃၁နှစ်၏ နေအိမ်၌ ထမင်းပေါင်းအိုးတည်ထားရာမှ အပူချိန်လွန်ကဲပြီး အရည်ပျော်ကာ အောက်ကြမ်းခင်းသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာမှတစ်ဆင့် (၁၄×၁၆×၁၂)ပေ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း နေအိမ် (၁၀) လုံး၊ (၂၇×၁၆×၁၂)ပေ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း နေအိမ် (၂) လုံး၊ စုစုပေါင်းနေအိမ်(၁၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းရာနေရာသို့ တောင်တွင်းကြီးမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးစောမောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ(၁+၁၁)ဦးသည် မီးငြှိမ်းသတ်ယာဥ်(၂)စီး၊ မီးသတ်ရေသယ်ယာဥ်(၂)စီးဖြင့် သွားရောက်၍ ငြှိမ်းသတ်ခဲ့ရာ နံနက်(၂:၁၅)နာရီအချိန်တွင် မီးထိန်းနိုင်ပြီး (၃:၀၀)အချိန်တွင် လုံးဝမီးငြှိမ်းသွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)