ဝေါ ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စည်ပင်သာယာအဖွဲ့မြို့မစျေးအတွင်း မီးဘေးလုံခြုံရေးအတွက် ဝေါမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဝေါမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လျှပ်စစ်မီးသုံးစွဲမှုစစ်ဆေးခြင်းအား အဆိုပါစျေး၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်ဖြိုးနွေဦးနှင့် လျှပ်စစ်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများ စျေးကော်မတီအဖွဲ့ပူးပေါင်းကာ စျေးအတွင်းလျှပ်စစ်မီးသုံးစွဲမှုကြည့်ရှုစစ်ဆေးကာ စျေးသူစျေးသားများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူးအသုံးပြုပြီး မီးငြိမ်းသတ်နည်းနှင့် မီးငြိမ်းသတ်ခြင်းတို့ကို သန္ဓေ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး လျှပ်စစ်မီးသုံးစွဲမှုစစ်ဆေးခြင်းကို စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူးနှင့်ဝန်ထမ်းများ စျေးအကျိုးတော်ဆောင်များနှင့် စျေးသူစျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)