တောင်ငူ ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ပေါ်ရှိ ရပ်ကွက်များ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်များ မဆုံးရှုံးစေရေးနှင့် မီးဘေးအန္တရာယ်လျော့နည်းစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နှိုးဆော်ခြင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဌေး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် တောင်ငူမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများအား မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ မီးစနစ်တကျ သုံးစွဲနိုင်ရေးတို့အား တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် မိမိနေအိမ်တွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများအား ဆောင်ထားကြရန်၊ နေအိမ်တွင် လူမရှိဘဲ ဘုရားမီး၊ အမွှေးတိုင်မီး၊ ခြင်ဆေးခွေများ ထွန်းညှိခြင်းကို မပြုလုပ်ကြရန်တို့အား လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)