ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး ဝန်ထမ်းများ ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှု ဆောင်ရွက်

ကျောက်ကြီး ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးစီမံမှုဖြင့် ဌာနရုံးဝန်ထမ်းများက အောင်သုခရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် ကလေးများအား ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများနှင့် ကလေးများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေဗဟုသုတများ ကြွယ်ဝစေရန်အတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုကို ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

ထိုသို့ စာငှားဝန်ဆောင်မှုပြုလုပ်ရခြင်းမှာ စာကြည့်တိုက်သို့ အလုပ်တာဝန်များဖြင့် မအားလပ်၍ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက် သုတ၊ ရသစာအုပ်စောင်များ ဖတ်ရှုခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုကောင်းမွန်စေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ဝန်ထမ်းများမှ သုတ၊ ရသစာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ စာပေနှင့်နီးစပ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် သုတ၊ ရသ စာအုပ်စာစောင်(၁၅၀)အုပ်အား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)