ပေါင်းတည် ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီခွဲက ဒေသဖွံ့ဖြိုးရေးနှင့် အပတ်စဉ် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဦးစီးမှူးများနှင့် တာဝန်ခံများ၊ ရပ်ရွာအုပ်ချုပ်ရေးမှုးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က ရုံးဌာနများ သန့်ရှင်းသပ်ရပ်ရေး၊ ဝန်ထမ်းအိမ်ယာများ၏ လုံခြုံရေး၊ သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲကျင်းပရေး၊ အပူဒဏ်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ရေး၊ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သတိပေးစစ်ဆေးဆောင်ရွက်ရေး၊ ရပ်ရွာအတွင်းစာသင်ဝိုင်းများ ဆောင်ရွက်မှုကို ဝိုင်းဝန်းကူညီဆောင်ရွက်ရေးတို့ကိုမှာကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးရေးနှင့် ဌာနဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှုခြေအနေများကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လိုအပ်ချက်များ အဆင်ပြေချောမွေ့စေရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သူရကြီး(ပြန်/ဆက်)