မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကျေးလက်ဒေသနေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မအူပင်  ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများအခြေခံစာတတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင်ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက ရေမြင့်မှကြာတင့်မည်ဟူသည့် ဆိုရိုးစကားအတိုင်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားတို့၏ ပညာရည်မြင့်မားမှသာ ယင်းနိုင်ငံသည်ကမ္ဘာအလယ်၌ တင့်တယ်နိုင်မည် ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားပြီး မအူပင်ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေမှ လူငယ်လူလတ်ပိုင်း အရွယ်များအပါအဝင် သက်ကြီးများကိုအဓိကသင်ကြားပေးမည်ဖြစ်ကြောင်း၊ လုံးဝစာမတတ်သေး သောသူများကို စာတတ်သွားစေရန်နှင့် အနည်းအကျဉ်းရေးတတ်ဖတ် တတ်သူများကိုပို၍ တတ်မြောက်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းနှင့်ပတ်သက်သည် များအားရှင်းလင်း ပြောကြားသည်။ ၎င်းနောက်သင်တန်းနည်းပြဆရာ ဦးဆက်နိုင်ကျော်မှသင်တန်း အချိန်များအားရှင်း လင်းပြောကြားသည်။

အဆိုပါ နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အခြေခံပညာဦးစီးဌာနမှ ကြီးကြပ်ဆရာ/ဆရာမ (၇)ဦး၊ နည်းပြ ဆရာ/ဆရာမ (၇၂)ဦး၊ အဆင့်မြင်ပညာဦးစီးဌာနမှ ကြီးကြပ်ဆရာ/ဆရာမ (၆)ဦး၊ နည်းပြဆရာ/ဆရာမ (၃၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီလ (၅)ရက်နေ့မှ (၇)ရက်နေ့ထိဖြစ်ကြောင်းသိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)