မုံရွာခရိုင်၌ ကျေးလက်ဒေသနေ ပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မုံရွာ ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အဆင့် ကျေးလက်ဒေသနေ ပြည်သူများ နှင့်တိုင်းရင်းသား ပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အစည်းအဝေးတွင် ခရိုင်အဆင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးကမုံရွာခရိုင်သည် မြို့နယ် (၄) မြို့နယ်၊ ရပ်ကွက် (၄၃) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၇၃)အုပ်စု၊ ကျေးရွာပေါင်း(၆၀၃)ရွာ၊ အိမ်ခြေ(၁၆၆၅၄၇) ၊ အိမ်ထောင်စု (၁၇၄၂၆၁) စုဖြင့် ဖွဲ့စည်းထားရှိပြီး၊ လူဦးရေအနေဖြင့် ကျား(၃၇၃၃၄၁)ဦး၊ မ(၄၂၈၃၀၂)ဦး၊ စုစုပေါင်း (၈၀၁၆၄၃) ဦး တည်ရှိပါကြောင်းနှင့် ခရိုင်အဆင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအား စုစုပေါင်း ကော်မတီဝင် (၁၁) ဦးဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်တွင် အသက်(၁၅)နှစ်နှင့်အထက် လူဦးရေ (၂၈၃၈၂၇) ဦး ရှိသည့်အနက် စာတတ်မြောက်သူဦးရေ (၂၈၀၅၈၂)ဦးဖြစ်သည့်အတွက် စာတတ်မြောက်မှု ရာခိုင်နှုန်းအနေဖြင့် (၉၈.၈၅) %ဖြစ်ပါကြောင်း ချောင်းဦးမြို့နယ်တွင်  လူဦးရေ (၇၉၇၃၀) ဦးရှိသည့်အနက် စာတတ်မြောက်သူဦးရေ (၇၇၆၈၁) ဦး ဖြစ်သည့်အတွက် စာတတ်မြောက်မှု ရာခိုင်နှုန်းအနေဖြင့် (၉၇.၄၃) %ဖြစ်ပါကြောင်း၊ ဘုတလင်မြို့နယ်တွင် စာတတ်မြောက်သူဦးရေ (၁၁၄၀၂၁) ဦးဖြစ်သည့်အတွက် စာတတ်မြောက်မှုရာခိုင်နှုန်း အနေဖြင့်(၉၇.၉၄)%ဖြစ်ပါကြောင်း၊ အရာတော်မြို့နယ်တွင်စာတတ်မြောက်သူဦးရေ (၁၄၃၉၉၅)ဦးဖြစ်သည့် အတွက် စာတတ်မြောက်မှု ရာခိုင်နှုန်းအနေဖြင့် (၉၇.၁၇) ဖြစ်ပါကြောင်း၊ မုံရွာတစ်ခရိုင်လုံး အနေဖြင့် (၁၅) နှစ်နှင့်အထက် စာတတ်မြောက်သူဦးရေ (၆၁၆၂၇၉) ဦးဖြစ်သည့်အတွက် စာတတ်မြောက်မှုရာခိုင်နှုန်း(၉၈.၁၁)ဖြစ်ပါကြောင်း၊ မုံရွာခရိုင်အတွင်း အသက် (၁၅) နှစ်နှင့်အထက် စာမတတ်သူဦးရေမှာ မုံရွာမြို့နယ်တွင် (၃၂၄၅)ဦး ၊ ချောင်းဦးမြို့နယ်တွင် (၂၀၄၉) ဦး ၊ ဘုတလင်မြို့နယ်တွင် (၂၃၈၈) ဦး၊ အရာတော်မြို့နယ်တွင် (၄၁၈၉)ဦးရှိကြောင်း၊ ခရိုင်ချုပ်အနေဖြင့် စုစုပေါင်းစာမတတ်သူ (၁၁၈၇၁) ဦး ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁.၈၉)ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ မုံရွာခရိုင်အတွင်း မုံရွာမြို့နယ်တွင် စာသင်ဝိုင်း (၁၈) ဝိုင်းရှိပြီး စာသင်သား ကျား (၁၁၃) ဦး၊ မ (၁၈၇) ဦး၊ စုစုပေါင်း(၃ဝဝ)ဦးတို့အား နည်းပြဆရာ (၁၈) ဦး၊ ကြီးကြပ်(၆)ဦးတို့ဖြင့် သင်ကြား ပို့ချရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ မုံရွာခရိုင်ချုပ်အနေဖြင့်  စုစုပေါင်းစာသင်ဝိုင်း (၃၁) ဝိုင်းဖြင့်  စာသင်သား (၅၂၇) ဦးအား မြို့နယ်အလိုက် စာသင်ဝိုင်းများတွင် (၈.၄.၂၀၂၄)ရက်နေ့မှစ၍ နေ့စဉ် နေ့လည် (၁၃၀၀)မှ(၁၆၀၀)နာရီထိ စာသင်ချိန် (၃)နာရီ၊ စာသင်ချိန်(၁)ချိန်လျှင် မိနစ်(၅၀)နှုန်းဖြင့် ရက်ပေါင်း(၄၀)ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါကြောင်း၊ စာသင်ဝိုင်းပြုလုပ်မည့်နေရာများတွင် လုံခြုံမှုရှိစေရေး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်း များသို့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် နှင့် ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် မုံရွာခရိုင်အတွင်း ကျေးလက်ဒေသနေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများအတွက်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအားအောင်မြင်စေရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် အားလုံးပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်အဆင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ခရိုင်ပညာရေးမှူး ဦးမြင့်ဆွေနှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားမည့်အခြေအနများအား ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ြဖည့်ဆည်းဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)