မင်းဘူးမြို့၌ အစိုးရပါဠိပထမပြန် စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

မင်းဘူး ဧပြီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုနေကြသော ရဟန်းသာမဏေများ၊ သီလရှင်များနှင့် စာမေးပွဲကြီးကြပ်သူ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေနံနက် ၁၁ နာရီက မင်းဘူးမြို့ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင် လ.ဝ.ကမှူး ဦးစောနိုင်ဦးတို့က ကြီးမှူး၍ မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်နှင့် ဝန်ထမ်းများက စာဖြေသံဃာ ၂၄ ပါး၊ စာဖြေသီလရှင် ၁၆ ပါး၊ စုစုပေါင်း ရဟန်းသာမဏေနှင့် သီလရှင် အပါး ၄၀ တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကို ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ဖြေဆိုကြမှာဖြစ်ပြီး၊ စာမေးပွဲသို့ ကြွရောက်၍ ကြီးကြပ်ပေးတော်မူကြသော ဆရာတော်ကြီးများ၊ စာမေးပွဲ ဖြေဆိုနေကြသော ရဟန်းသာမဏေနှင့် သီလရှင်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားကြောင်း မြို့နယ်သာသနာရေး ဦးစီးမှူး ဦးရာဇာကိုကိုထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)