စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

စစ်ကိုင်း ဧပြီ

စစ်ကိုင်းမြို့တွင် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ဧပြီ(၄)ရက်၊ မွန်းလွဲ(၂)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက “စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ”၊ “ပြည်သူ့စစ်မှုထမ်းရန်ကာလ”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်”၊ “ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ”၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ”၊ “စိုးရိမ်စရာမလိုသည့်အချက်များ”၊ “(ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်) ဖြစ်သည့် ဖြစ်ရမယ့်တာဝန် စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ဝန်ထမ်းများက မရှင်းလင်းသည်များကို ဆွေးနွေးတင်ပြကြရာ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)