သရက်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ အခြေခံပန်ချီရေးဆွဲနည်းသင်တန်း ပို့ချပေးလျက်ရှိ

သရက် ဧပြီ ၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဧပြီ(၁)ရက်နေ့က စတင်ဖွင့်လှစ်လျက်ရှိကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း(၁)ဦးထံက သိရသည်။

အဆိုပါ ပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်ချီဆရာကြီး ဦးညွန့်လှိုင်က သင်တန်းတွင် ပန်းချီ၏ အခြေခံသဘောတရားများ၊ အရောင်များ၊ တညီတည်းမျဉ်းများ၊ သဘာဝပန်းမာန်များ ကာလာရေးထည့်ခြင်း၊ အဆင်ရေးဆွဲနည်း၊ အကွက်ဖော်နည်များကို သင်ကြာပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)