ပုသိမ်မြို့တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

ပုသိမ် ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ဖြန့်ဝေ‌ပေးခဲ့သည်။

ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များက ပုသိမ်ကြိုးတံတားအမှတ်(၂)အောက်နှင့် ကုန်သည်လမ်း၊ မြို့မစျေးရှေ့တို့တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်၊ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဥ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများ၊ အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များအား ထည့်သွင်းဖော်ပြထားကြောင်း သိရှိရသည်။

မြင့်ဟန် (ပြန်/ဆက်)