ပုလောမြို့၌ အသက်(၆) မှ (၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး

ပုလော  ဧပြီ  ၄

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၆)လမှ(၂)နှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို-ကြက်ညာ-မေးခိုင်-အသဲရောင်အသားဝါ (ဘီ)-ဦးနှောက်အမြေးရောင်(ငါးမျိုးစပ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ကလေးအသက်အရွယ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကလေးများအား ကိုယ်အလေးချိန်တိုင်းတာပေး၍ လိုအပ်သော ကျန်းမာရေးအသိပညာပေးများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုလောမြို့ပေါ်ရပ်ကွက်ရှိ ကလေးများအပါအဝင် နီးစပ်ရာကျေးရွာများမှလည်း ကလေးများလည်း လာရောက် ထိုးနှံလျက်ရှိကြောင်း   ကျန်းမာရေးသူနာပြုဆရာမ ဒေါ်ချောစုမွန်ထံမှ သိရသည်။

အေးအေးမော်(ပုလော)