နတ်မောက် နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက် အကူပြု လုပ်ငန်းသုံးပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းခြင်းတွင် နတ်မောက်မြို့နယ် ဝါးရုံကုန်းကျေးရွာ (ဇာတိ)ဖွား ရန်ကုန်မြို့နေ စာရေးဆရာ/ ဒါရိုက်တာ (ဦး)လှမိုးအောင် (အညာမြေ) မိသားစုမှပေးပို့လှူဒါန်းသော Surgical PPE, Level 2 ဝတ်စုံ(၃၀) ကို အလှူရှင်၏ကိုယ်စား နတ်မောက်မြို့ လူရည်ချွန်ဘော်ဒါစာရေးဆရာ ဦးမျိုး(မကွေး)က နတ်မောက် မြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ ဆရာ/ဆရာမများအတွက် အသုံးပြုနိုင်ရန် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဝင်းစည်သူထံ ပေးအပ်လှူဒါန်းခဲ့ရာ အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)