ကရသူရိ ဧပြီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် ကြက်မောက်သီး လှိုင်လှိုင်သီး၍ ဈေးကောင်းရရန်မျှော်မှန်းနေကြောင်း သိရသည်။
“ကြက်မောက်သီးကတော့ ယခုနှစ်မှာ မိုးနည်းသဖြင့် သီးအားကောင်းတယ်။ ယိုးဒယား မျိုးတစ်ပင်ကို (၈၀၀၀)ကျပ်ဖြင့် ဝယ်ယူ၍ ဇွန်/ ဇူလိုင် လတွင်စတင်စိုက်ပျိုးကြောင်း၊ သက်တမ်း (၆)နှစ်ကြာလျှင် အသီးစတင်ထွက်ရှိပြီး ဝင်ငွေကောင်းသည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် တွင်ရာသီဥတုကောင်းမွန်သဖြင့် ပျက်စီးမှုနည်းပါးပြီး အသီးထွက်အားကောင်းမွန်နေသဖြင့် စျေးကောင်းရရန် မျှော်မှန်းနေကြောင်း၊ ယခင်နှစ်က ကြက်မောက်သီး(၁)လုံးလျှင် (၁၀၀)ကျပ် ရရှိပြီး ယခုနှစ်တွင် ထိုဈေးထက် ပိုရရန်မျှော်လင့်လျက်ရှိကြောင်း” ခြံပိုင်ရှင်တစ်ဦးကပြောသည်။
ကြက်မောက်သီးတွင် ဗမာမျိုး အဝါရောင်နှင့် ယိုးဒယားမျိုး အနီရောင်ဟူ၍ နှစ်မျိုးရှိပြီး ဒေသခံ အများဆုံးစိုက်ပျိုးကြသည့် ယိုးဒယားမျိုးသည် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)