ကျိုက်လတ်မြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်ပေး

ကျိုက်လတ် ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယမန်နေ့ နံနက်(၈)နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များ တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်  အဆုတ် ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး ပြင်းထန်ဝမ်းလျောဝမ်းပျက် ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံ ပေးခြင်း၊ ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ဝန်ထမ်း များက စနစ်တကျ မှတ်တမ်းရေးသွင်း၍  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မင်းအောင်