ရွှေဘို ဧပြီ ၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ အခြေခံ ကွန်ပျုတာ သင်တန်း (၂/၂၀၂၄) နှင့် ကွန်ပျုတာပန်းချီသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်မြင့်က ကွန်ပျုတာသင်တန်းကို စဉ်ဆက် မပြတ်ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်းများလုပ်ငန်းခွင်တွင် အကျိုးရှိစွာအသုံးချနိုင်ကြကြောင်း၊ ကွန်ပျုတာ မှာ အခြေခံကအဓိကကြကြောင်း အခြေခံအဆင့်မှသည် အဆင့်ဆင့်လေ့လာသင်ယူပြီး အကျိုး ရှိစွာ ဆောင်ရွက်သင့်ကြောင်း နွေရာသီမှာ ကျောင်းသားလူငယ်များကို အကျိုးရှိစွာ ကွန်ပျုတာ ပန်းချီသင်တန်းကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လူငယ်များစွာ အကျိုးရှိကြောင်း ခေတ်နှင့် အညီ ပန်းချီများကိုလည်းရေးဆွဲပြီး ပြိုင်ပွဲများကိုလည်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း စသဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကွန်ပျုတာပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ ၂၆ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်းနှင့် သင်တန်းနည်းပြ ဆရာအား ဂါရဝပြုလက်ဆောင်ချီးမြှင့်ခြင်းတို့ကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က အခြေခံကွန်ပျုတာသင်တန်းများ စဉ်ဆက်မပြတ် သင်ကြားပေးခဲ့သည့်အတွက် ဝန်ထမ်းများ လက်တွေ့နယ်ပယ်တွင် ကွန်ပျုတာကို အသုံးချတတ်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် ကွန်ပျုတာပန်းချီ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက် တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ အတတ်ပညာများ တိုးပွားစေရန်အတွက် အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင်လည်း အခြေခံကွန်ပျုတာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား(၁၀၀)ကျော်အား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်