မြန်အောင် ဧပြီ ၄
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ၁၃၈၅ (၂၀၂၄) ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စာဖြေဌာန မြန်အောင်မြို့မုံရွာပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၁၃၈၅(၂၀၂၄) ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် မြန်အောင်မြို့နယ်မှ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့တွင် စာဖြေသံဃာ၊ သီလရှင်ဆရာလေး စုစုပေါင်း စာရင်းရှိ (၁၀၁) ပါးတွင် ဖြေဆိုသူ ရဟန်းသံဃာ၊ သီလရှင်(၇၇)ပါး ဖြေဆိုကြောင်းနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် ပထမကြီးတန်း၌ ဒွေမာတိကာဘာသာ၊ ဓမ္မပဒဘာသာ၊ ပထမလတ်တန်း၌ ဒွေမာတိကာဘာသာ၊ ဓမ္မပဒဘာသာ၊ ပထမငယ်တန်း၌ ဘိက္ခုပါတိမောက် ဘာသာ၊ ဓမ္မပဒဘာသာနှင့် အခြေပြုမူလတန်း၌ ဝိနည်းကျင့်ဝတ်ဘာသာ၊ သုကုမာရဘာသာတို့ ဖြေဆိုကြပြီး မြို့နယ်ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များ၊ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သာသနာရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများ အေးချမ်းစွာဖြေဆိုနိုင်ရန် စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်