မြောင်းမြ ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာနယ် စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သောဝတ္ထု၊ ကဗျာ၊ ဆောင်းပါးရေးနည်း(အခမဲ့) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၁:၃၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းနာယက ဆရာမောင်လှိုင်းသစ်(ချစ်စရာမြေ)၊ မြို့နယ်ပညာရေးမှူး ဦးမြင့်အောင်တို့က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ သင်တန်းစည်းကမ်းချက်များ၊ သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများနှင့် သင်တန်းထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည့်အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို ဧပြီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး ဆရာမောင်လှိုင်းသစ်(ချစ်စရာမြေ) ဆရာနေခြည်မောင်(မြောင်းမြ)၊ ဆရာအက္ခရာ(မြောင်းမြ)၊ ဆရာလရောင်လင်း(မြန်မာ့ဂုဏ်ရည်)တို့က သင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်းသို့ သင်တန်းသား/သူ (၆၀) ဦး တက်ရောက်ကြောင်းသိရသည်။
ဝေဝေ(မြောင်းမြ)