ကန်ကြီးထောင့်မြို့နယ်တွင် အ‌ခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

ကန်ကြီးထောင့် ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ‌ခြေခံစာကြည့်တိုက်ပညာသင်တန်း ကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က ကန်ကြီးထောင့်၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက အ‌ခြေခံ စာကြည့်တိုက် ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက အခြေခံစာကြည့်တိုက်ပညာနှင့် ပတ်သက်၍ စာကြည့်တိုက်၏ အရေးပါပုံ၊ စာအုပ်စာစောင်များ စာရင်းသွင်းခြင်း၊ သုတ/ရသခွဲခြင်း အစရှိသည်များအား သင်းကြားပို့ချခဲ့ရာ အဆိုပါ သင်တန်းသို့ ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)