ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်မိသားစုများအား ဆန်၊ ဆီနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကျွန်းစု၊ နိုဝင်ဘာ ၅

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ယမန်နေ့ နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်မိသားစုများအား အထောက်အပံ့ဖြစ်စေရန် ဆန်၊ ဆီနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား သက်ဆိုင်ရာခန်းမများ၌  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီးထွန်းလူဦးစီးပြီး အရာရှိများ၊ စစ်သည်များသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်အတွင်း အထောက်အပံ့ဖြစ်စေရန် ကျွန်းစုမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအတွက် ဆန်(၁၁)အိတ်၊ ဆီ(၂၂)ဘူးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်မိသားစုများအား ဆန်(၆)အိတ်၊ ဆီ(၁၁)ဘူးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းကျော်စော (ပြန်/ဆက်)