ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ

ညောင်တုန်း ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ရွှေဟင်္သာတောရကျောင်း၊ ရာပြည့်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပရာတွင် အစိုးရဓမ္မာစရိယဖြေဆိုသံဃာ(၄၄)ပါးနှင့် ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း (၂၈)ပါး၊ ပထမလတ်တန်း(၂၁)ပါး၊ ပထမငယ်တန်း(၄၅)ပါး၊ အခြေပြုမူလတန်း(၇၂)ပါး စုစုပေါင်း စာဖြေသံဃာ(၂၁၀)ပါး စာရင်းသွင်းဖြေဆိုကြပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ စာမေးပွဲဖြေဆိုသည့်ကာလအတွင် အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ကူညီဆောင်ရွက်ပေးခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်(ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း)စာမေးပွဲများကို သတ်မှတ်နေ့ရက်များ အလိုက်ကျင်းပမည်ဖြစ်‌ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။

မြို့နယ်(ပြန်ဆက်)