နတ်မောက်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

နတ်မောက် ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။    

နတ်မောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးများမှ ပါဠိပထမပြန်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း စာရင်းသွင်း ရဟန်း၊ သာမဏေ (၁၈၉)ပါးရှိပြီး စာဖြေရဟန်း၊ သာမဏေ (၁၆၇)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ပျက်ကွက် ရဟန်း၊ သာမဏေ(၂၂)ပါး ရှိသည်။ အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဧပြီ (၃)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဆရာတော်ကြီးများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း