ပြည်မြို့နယ်တွင် ရွေးကောက်ပွဲနေ့ မဲရုံများတွင်အသုံးပြုရန် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများထုတ်ပေး

ပြည်   နိုဝင်ဘာ

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ မဲရုံ(၂၀၉)ရုံ၌အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု(၆၉)အုပ်စုမှရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ပြည်မြို့နယ်အုပ်ချုပ် ရေးမှူးရုံး ပုလဲသီတာခန်းမ၌ ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် မဲရုံ(၂၀၉)ရုံ၌ တာဝန်ထမ်းဆောင်မည့်သူများနှင့်မဲလာပေးမည့် မဲဆန္ဒရှင်ပြည်သူ များ အတွက် မဲရုံတစ်ရုံလျှင် -()KN-95mask() Exam Glove () Face Shield ()Surgical Cap() Surgical Gown(PPE/L-2) () Surgical Gown(PPE/L-3) ()Surgical Glove () PPE(Cover All) () Protective Mask (၁၀) Boot (၁၁)Boot Coverနှင့် (၁၂)Goggle စသည့်  ကိုဗစ်-၁၉ကာကွယ်ရေးအထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်း(၁၂)မျိုးကို သက်ဆိုင်ရာမဲရုံတစ်ခုချင်း စီအလိုက် သတ်မှတ်အရေအတွက်တို့ဖြင့် စနစ်တကျထုတ်ပေးခြင်းဖြစ်ကြောင်း ပြည်မြို့ ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများလက်ခံဖြန့်ဖြူးရေးကော်မတီထံမှ သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)