ဖြူးမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် မြစိမ်း​​ရောင်စီမံကိန်း စတုတ္ထအကြိမ် ချေးငွေထုတ်ချေး

ဖြူး ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တခွန်တိုင်ကျေးရွာအုပ်စု၊​ တံခွန်တိုင်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ စတုတ္ထအကြိမ် အသင်းသား (၁၂၀) ဦးအတွက် ချေးငွေကျပ် (၃၈၅.၂) သိန်း ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချေးငွေထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများ၊ မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေးကဏ္ဍတွင် အသင်းသား (၈၇) ဦးအတွက် ငွေကျပ် (၃၀၃.၉) သိန်း၊ မွေးမြူရေးကဏ္ဍတွင် အသင်းသား (၃၃) ဦးအတွက် ချေးငွေကျပ် (၈၁.၃) သိန်း၊ စုစုပေါင်း (၃၈၅.၂) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)