ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကျင်းပ

ညောင်လေးပင် ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း (မောင်စုမြင် -ညောင်လေးပင်) က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအဖွဲ့ဝင် ဦးဌေးနိုင်က သင်တန်းနှင့် ပက်သက်သည့် စည်းမျဥ်း စည်းကမ်းများ ရှင်းလင်းပြောကြားကာ တတ်ရောက်လာသော စာရေးဆရာအသင်းဝင်များမှ တစ်ဦးချင်းမိတ်ဆက်ဆွေးနွေးခဲ့ပြီး သင်တန်းအား ဆက်လက်ပို့ချပေးခဲ့သည်။

အဆိုပါအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို နွေရာသီကျောင်းပိတ်ရက်တွင် ကလေးငယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲနည်း အခြေခံသဘောတရားများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းကာလမှာ ဧပြီလ(၃)ရက်မှ (၁၀) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ ပန်းချီပညာဝါသနာရှင်များနှင့် သင်တန်းသား/ သူ (၃၀) ဦး တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)