ရွှေတောင် ဧပြီ ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီအရာရှိ ဒေါ်မြင့်မြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့ကျင့်မှုစခန်း (CLC) တွင် ယမန်နေ့ နေ့လယ်ပိုင်းက (၂၀၂၄- ၂၀၂၅) မိုးစပါး ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးနှင့် ပဲစဥ်းငုံ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က မိုးရာသီကာလအတွင်း ရွှေတောင်-ညောင်စာရေးကျေးရွာအုပ်စုသို့သွားသည့် ကားလမ်းဘေးဝဲယာရှိ ကျေးရွာအုပ်စုများရှိ ယာမြေများတွင် မုံရွာရွှေဒင်္ဂါးမျိုး (သက်တမ်း၆လ) ရှိ အထွက်ကောင်းမျိုး ပဲစဥ်းငုံသီးနှံစိုက်ပျိုးရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ပြည်ခရိုင်စိုင်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သိန်းက မျိုးကောင်း/မျိုးသန့်များ ရရှိနိုင်ရေး၊ ပဲစဥ်းငုံမျိုးများ၏ အရည်အသွေးလက္ခဏာများနှင့် စိုက်ပျိုးနည်းစနစ်ကောင်းများ ရရှိရေး စိုက်နည်းစနစ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော တောင်သူများမှ ပြန်လည်ဆွေးနွေး တင်ပြကြရာရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အခမ်းအနားသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီအရာရှိ ဒေါ်မြင့်မြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများ၊ မယားမာန်ကျေးရွာအုပ်စု၊ အိုးထိမ်းကုန်းကျေးရွာအုပ်စု၊ ကျောက်မြင့်ကျေးရွာအုပ်စု၊ ကံသုံးဆင့်ကျေးရွာအုပ်စုနှင့် တောဟိုင်ကျေးရွာအုပ်စုတို့မှတောင်သူများ စုစုပေါင်းအင်အား (၉၃) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း ( ပြန်/ဆက်)