တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်  အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ညဏ်ရည်၊ ညဏ်သွေး မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲအား လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကာလတွင် အခမဲ့ အင်္ဂလိပ်စာ(4-skills)သင်တန်းတက်ရောက်နေသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများမှ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)