ဖြူးမြို့နယ် အင်ကြင်းကုန်းကျေးရွာ၌ ချေးငွေထုတ်ချေးပေးနိုင်ရေး ချေးငွေအောင်မြင်သူများ စစ်ဆေး

ဖြူး ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ငါးခေါင်းအင်းကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ချေးငွေထုတ်ချေးပေးနိုင်ရေးချေးငွေ အောင်မြင်သူများ စစ်ဆေးခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေထုတ်ချေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်း မတည်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းအသင်းသားများနှင့် ချေးငွေအောင်မြင်သူများ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ငါးခေါင်းအင်းကျေးရွာအုပ်စု၊ အင်းကြင်းကုန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ ထုတ်ချေးပေးနိုင်ရေး စိုက်ပျိုးရေးကဏ္ဍတွင် အသင်းသား (၅၁) ဦး၊ မွေးမြူရေးကဏ္ဍတွင် အသင်းသား (၄၄) ဦး စုစုပေါင်း အသင်းသား (၉၅) ဦးရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်