ဒိုက်ဦးမြို့နယ်၌ နွေစပါးစိုက်ပျိုးနိုင်ရန် ဓာတ်မြေသြဇာများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

 ဒိုက်ဦး ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တောင်သူပညာပေးစခန်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဥ်ဖြင့် ဖြန့်ဖြူးပေးသော ဒိုက်ဦးမြို့နယ်၌ နွေစပါးစိုက်ပျိုးနိုင်ရန် ဓာတ်မြေသြဇာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက အမှာစကား ပြောကြားပြီးနောက် တစ်မြို့နယ်လုံးမှ နွေစပါးစိုက် (၃၀၄၀၀)ဧကအတွက် မြေသြဇာ (၃၀၄၀)အိတ်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ ကျော်လင်း၊ စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်သိန်းနိုင်၊ မြို့နယ်မြေစာရင်း ဦးစီးအရာရှိ ဦးခင်မောင်ဦးနှင့် နွေစပါးစိုက်တောင်သူများ စုစုပေါင်း(၇၅)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)