ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအား လှိုက်လှဲစွာ ကြိုဆိုပါ၏ မြေစိုက်ပိုစတာ အုတ်တွင်းမြို့နယ်၌ စိုက်ထူ

အုတ်တွင်း ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ ပဲခူးလမ်းရပ်ကွက် ရန်ကုန်-မန္တလေး (ပုံမှန်) ကားလမ်းဘေးဘုန်းတော်တိုးဘုန်းတော်ပွင့် ဘုရားရှေ့တွင် ဧပြီ ၁ ရက် ညနေပိုင်းက ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအား လှိုက်လှဲစွာကြိုဆိုပါ၏ မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြောင်း သိရသည်။

ထိုသို့ မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအား လှိုက်လှဲစွာကြိုဆိုပါ၏ မြေစိုက်ပိုစတာတွင် ပြည်သူ့စစ်မှုထမ်းမည်ဆိုလျှင် ရရှိမည့်အကျိုးခံစားခွင့်များကို အချက် (၁၀) ချက်ဖြင့် ဖော်ပြထားကြောင်း သိရသည်။

အေမင်းရည်စော