နတ်မောက် ဧပြီ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်ရေးအတွက် တူးဖော်ထားရှိသော ရေမြောင်းများ ပြုပြင်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ သန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေး ညီညွတ်စေရန်အတွက် ခြင်ပေါက်ပွားမှုဖြစ်စေနိုင်သော ရေဆိုးရေညစ်များနှင့် မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်စေရေန် ပိတ်ဆို့နေသော အမှိုက်များ၊ ခြုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများအား အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ရေမြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်များ ရှင်းလင်းခြင်းနှင့် တူးဖော်ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှဝင်း