တမူးမြို့နယ်တွင် ကြိုတင်မဲပေးခြင်းဆောင်ရွက်

တမူး နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများမှ အောက်တိုဘာ(၂၉)ရက်နေ့မှစ၍ မိမိတို့၏ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲများ လာရောက်၍ ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ၊ ရွေး ကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်သူများ မှ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးတွင် ကြိုတင်ဆန္ဒမဲ ပေးနေကြခြင်း ဖြစ်ပြီး  ကျန်းမာရေး မကောင်းမွန်၍ ကြိုတင်ဆန္ဒမဲလာရောက်မပေးနိုင်သူများကိုလည်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ သည်။

ကျော်သူရ(ပြန်/ဆက်)