ဆိပ်ဖြူ ဧပြီ ၂
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြာစျေးရှိ စျေးဆိုင်ခန်းများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက စစ်ဆေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်ထွန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်တို့ ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာအားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါ၍ ပတ္တမြားစျေးရှိစျေးဆိုင်ခန်းများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းထားရှိခြင်း ရှိ/မရှိအခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စနစ်တကျ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အရေးပေါ်ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ပြည့်စုံစွာထားရှိမှုအခြေအနေများ၊ အရေးပေါ်မီးသတ်ဆေးဗူးများ အရည်အသွေးပြည့်စုံမှုတို့ကို ကွင်းဆင်းစစ်ဆေး အသိပေးဆောင်ရွက်ခဲ့သည်။ ထို့နောက် စျေးရောင်းစျေးဝယ်သူများနှင့် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမွေ)