သံတောင်ကြီး နိုဝင်ဘာ ၅
သံတောင်ကြီးမြို့နယ်တွင် ၂၀၁၉ -၂၀၂၀ ပြည့်နှစ် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော RS to CS မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းများ တတိယအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ရွာကြီးကျေးရွာအုပ်စု ပျားစခန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
သံတောင်ကြီးမြို့နယ်၊ ရွာကြီးကျေးရွာအုပ်စု၊ ပျားစခန်းကျေးရွာတွင် RS to CS မျိုးစေ့ထုတ် မိုးစပါးစိုက်ဧက (၅၀) ရှိြပီး တစ်ဧက (၁.၅) တင်းနှုန်းဖြင့် တောင်သူ(၂၃)ဦး၏ လယ်မြေများတွင် မျိုးစေ့များစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ တတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်း ထိုက်မင်းနှင့် ဝန်ထမ်းများ၊ မိုးစပါးစိုက်ပျိုးတောင်သူများကပူးပေါင်း၍ မျိုးကွဲ နှုတ်ပယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)