ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိပြီးသော ကျေးရွာအုပ်စု မဲရုံများအား ယနေ့နံနက် (၉)နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းဖေနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြို့ပင်သာကျေးရွာ ဘုမ္မတီး ကျေးရွာ သက်ရက်တန်းကျေးရွာ ရွာလေးကုန်းကျေးရွာ မဲဘလံကျေးရွာ လှည်းလမ်းကူးကျေးရွာ အုပ်စုအတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကျေးရွာကော်မရှင် အဖွဲ့ခွဲများ၊ မဲရုံမှူးများနှင့်တွေ့ဆုံပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်များအား လိုက်နာဆောင်ရွက်ထားရှိမှု ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထန်းတပင်မြို့နယ်အနေဖြင့် ရပ်ကွက်(၆)ရပ်ကွက် ကျေးရွာအုပ်စု (၂၉)အုပ်စုတွင် မဲရုံစုစုပေါင်း (၉၄)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၉၆၅၉၂) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)