ပေါက်ခေါင်း နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မဲရုံများ၌ အသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန့်နေ့မှစတင်၍ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများထံသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
မဲရုံများတွင် အသုံးပြုမည့် ကျန်းမာရေး အထောက်အကူပြု ကာကွယ်ရေး ပစ္စည်းများကို မြို့လယ်ဓမ္မာရုံတွင် နိုဝင်ဘာ ၅ ရက်နေ့မှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၈ အုပ်စုကို (၂)ရက်ခွဲ၍ ထုတ်ပေးခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၈)အုပ်စုရှိပြီး၊ မဲရုံပေါင်း (၂၁၂)ရုံနှင့် မဲရုံအဖွဲ့ဝင် (၂၄၇၄)ဦးဖြင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ မြို့နယ်အတွင်း ဆန္ဒမဲပေးခွင့် ရှိသူပေါင်း (၉၈၁၅၆)ဦးရှိပြီး ကြိုတင်မဲပေးခွင့်ရှိသူပေါင်း (၁၉၀၀၀)ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)