ကျိုက်ဒုံမြို့၊​ ကျေးလက်ကျန်းမာ​ရေးဌာနတွင် အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်

ကျိုက်ဒုံ  နိုဝင်ဘာ  ၅

ကရင်ပြည်နယ်​ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့​ ကျေးလက်ကျန်းမာ​ရေးဌာနတွင် ယမန်နေ့နံနက်၉နာရီက အသက်(၂)လမှ(၁)နှစ်ခွဲ အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်​ကျွေးမှုများဆောင်ရွက်ရာတွင်ကလေးငယ်များနှင့် မိခင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန်နှင့် လူစုလူ​ဝေးမဖြစ်စေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နဲ့ အညီ ဆောင်ရွက်ခဲ့ပါသည်။

ထိုနောက် အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးငယ်များအားအသက်အရွယ်အလိုက် ဘီစီဂျီဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ဦး​နှောက်အ မြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ပြင်ထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော့ရောဂါ (ရိုတာကာကွယ်ဆေး)၊ဂျပန်ဦး​နှောက်​ရောင်၊ဝက်သတ်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးထိုးနှံတိုက်ကျွေးခဲ့​ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)