ဝေါ နိုဝင်ဘာလ ၅
ဝေါမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲလက်မှတ်စာအိတ်များအား မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်း ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ၅ရက်နေ့၊ မွန်းတည့် ၁၂:၀၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များ ထည့်သွင်းခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးလှိုင်နှင့် အတွင်းရေးမှူး ဒေါ်ထိုက်ထိုက်လွင်တို့က မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲ လက်မှတ်စာအိတ်များအား မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြင်း ဆောင်ရွက် ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး မဲဆန္ဒနယ်ပြင်ပရောက် ပြည်ပ ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များနှင့် ပြည်တွင်းကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များအား နိုင်ငံရေးပါတီများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ စောင့်ကြည့် လေ့လာရေးအဖွဲ့များ ရှေ့မှောက်တွင် နိုင်ငံခြားကြိုတင် မဲစာအိတ်(ပြည်သူ့လွှတ်တော်) (၅၅၃)အိတ်၊ (အမျိုးသားလွှတ်တော်) (၅၅၅) အိတ်၊ တိုင်းဒေသကြီး အမှတ်(၁) (၂၅၅)အိတ်၊ တိုင်းဒေသကြီးအမှတ်(၂) (၂၉၅)အိတ်၊ တိုင်းရင်းသား(-)၊ ဆန္ဒမပြု နိုင်ငံခြားကြိုတင်မဲစာအိတ် (ပြည်သူ့လွှတ်တော်) (၈၄)အိတ်၊ (အမျိုးသား လွှတ်တော်) (၈၄)အိတ်၊ တိုင်းဒေသကြီး အမှတ်(၁)(၃၃)အိတ်၊ တိုင်းဒေသကြီးအမှတ် (၂)(၅၁)အိတ် တို့ကို မှတ်ပုံတင်ခြင်း၊ ရေတွက်ခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာ ကြိုတင်မဲပုံးများထဲသို့ ထည့်သွင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)