ဟင်္သာတ မြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုကျင်းပ

ဟင်္သာတ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့မှစတင်၍ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်ရှိ အောင်ပြည့်ဖြိုးဦး ဗိမာန်တော်ကြီးတွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာပေးပွဲကို နေ့လည် ၁၂နာရီအချိန်မှ ညနေ ၃နာရီအချိန်ထိ ဖြေဆိုကျင်းပခဲ့သည်။

အဆိုပါ စာမေးပွဲသို့ ပါရာဇိက ဘာသာရပ်တွင် စာရင်းရှိ သံဃာ (၄၁) ပါး၊ သီလရှင် (၁) ပါး၊ စုစုပေါင်း(၄၂)ပါးဖြစ်ပြီး ဖြေဆိုသံဃာ(၂၆)ပါး၊ သီလရှင်(၁)ပါး၊ စုစုပေါင်း(၂၇)ပါးဖြစ်၍ ပျက်ကွက်သံဃာ (၁၅)ပါးဖြစ်ကြောင်းနှင့် အဆိုပါ စာမေးပွဲအား မတ် ၂၈ ရက်နေ့မှ ဧပြီ ၉ ရက်နေ့ထိ နေ့စဉ် ဘာသာရပ်များအလိုက် စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများမှ အနီးကပ်ကြီးကြပ်၍ မြို့နယ်အတွင်းရှိစာသင်တိုက်များမှ သံဃာတော်များ ၊သီလရှင်များမှ ဝင်ရောက်ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)